ဖာပွန် သြဂုတ် ၁၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် သြဂုတ်လ ၁၀ ရက်နေ့ မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိသည့် Grade-4 သင်ရိုးသစ် မြို့နယ်အဆင့် (နောက်ဆက်တွဲ)သင်တန်းမှ သင်တန်းသား၊သင်တန်းသူ ဆရာ၊ဆရာမများအား Exercise Is Medicine(EIM)အစီအစဥ်အရ Myanmar Fitness Dance (MFD) လှုပ်ရှားမှုများလေ့ကျင့်သင်ကြားခြင်းကို ယမန်နေ့ ညနေ(၃)နာရီ အချိန်က အ-ထ-က ဖာပွန်ကျောင်းရှေ့ ဘောလုံးကွင်းအတွင်း စတင်ဆောင်ရွက်ခဲ့သည်။
Exercise Is Medicine(EIM) အစီအစဥ်အရ Myanmar Fitness Dance (MFD) လှုပ်ရှားမှုများလေ့ကျင့်သင်ကြားခြင်းကို ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအေး ဦးဆောင်၍ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နေ့စဥ် ညနေ (၃) နာရီမှ (၄) နာရီခွဲအထိ (၃) ရက်ကြာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင် (ပြန်ဆက်)