ကြာအင်းဆိပ်ကြီး ဩဂုတ် ၁၄
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် ပြည်သူများ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရန် အသိပညာပေးလုပ်ငန်းများ၊ ကူညီထောက်ပံ့မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကေ့ာကရိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့ ၊ အမှတ်(၆) ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ လေဘေး၊ မုန်တိုင်ဘေး၊ မိုးကြိုးဘေးများ ကြုံတွေ့ရပါက ကြိုတင်ကာကွယ်လုပ်ဆောင်နိုင်သည့်နည်းလမ်းများကို လိုက်လံအသိပေးကြေညာခြင်းများဆောင်ရွက်ပေးခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သဲဝါ ( ပြန်/ဆက်)