လှိုင်သာယာ( အနောက်ပိုင်း)မြို့နယ်၌ ရေစီးရေလာကောင်းမွန် ရေး ရေမြောင်းများတူးဖော်ခြင်း ဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှု

လှိုင်သာယာ(အနောက်ပိုင်း)  သြဂုတ်  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေကြီးရေလျှံမှုများ မဖြစ်စေရေးအတွက်  ရေမြောင်းများတူးဖော်ခြင်း ဆောင်ရွက်ရန် ယမန်နေ့   မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်() တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးမြတ်မင်းသူ၊ရေစီးရေလာတာဝန်ခံ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ  ရပ်/ကျေးအလုပ်အမှု ဆောင် များ နှင့်  သက်ဆိုင်ရာ တာဝန်ရှိသူများကွင်းဆင်း ကြည့်ရှု့ သည်။

ထိုသို့ကြည့်ရှုရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အလယ်ရွာလေး(မြေတိုင်း၂၂) အတွင်းရှိ မိုးတွင်ကာလတွင် မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများပေါ်တွင် ရေလွှမ်းမိုးမှုများ မဖြစ်စေရေး၊အများပြည်သူသွာလာရေးအဆင်ပြေစေရေးနှင့် ရေစီးရေလာကောင်းမွန် ရေး အတွက် ရေမြောင်း များ တူးဖော်ခြင်းဆောင်ရွက်ပေးရန်အတွက် ကွင်းဆင်း ကြည့်ရှု့ခဲ့ကြကြောင်းသိရှိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)