တမူး သြဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စျေးတန်းရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ စတုတ္ထအကြိမ် ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စု တစ်စုလျင် နှစ်သောင်းကျပ်စီအား ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် စျေးတန်းရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခ ံလူတန်းစား အိမ်ထောင်စု (၁၀၆၂) စုအတွက် ထောက်ပံ့ငွေ (၂၁၂၄၀၀၀၀) ကျပ်အား တမူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိ ဦးမျိုးမင်းထွန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု တစ်စုချင်းစီအလိုက် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်ထံမှသိရှိရသည်။
တမူးခရိုင်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တမူးမြို့နယ်တွင် (၆၆၀၆) စုအတွက် ထောက်ပံငွေ (၁၃၂၁၂၀၀၀၀) ကျပ်၊ ခမ်းပါတ်မြို့တွင် (၂၉၅၈) စုအတွက် (၅၉၁၆၀၀၀၀) ကျပ်၊ မြို့သစ်မြို့တွင် (၁၀၈၄) စုအတွက် (၂၁၆၈၀၀၀၀) ကျပ် စုစုပေါင်း ခရိုင်အတွင်းရှိ အိမ်ထောင်စု(၁၀၆၄၈)စုအတွက် (၂၁၂၉၆၀၀၀၀)ကျပ် ထုတ်ပေး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)