ဝက်လက်မြို့နယ် နဘဲပင်လှကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေ လက်ဝယ်အရောက်ထုတ်ချေး

ဝက်လက် သြဂုတ် ၁၄

စစ်ကိုင်းတိုင်ဒေသကြီး၊ရွှေဘိုခရိုင် ၊ဝက်လက်မြို့နယ် နဘဲပင်လှ ကျေးရွာတွင် အကောင်ထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေကို ယမန်နေ့  ညနေက လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး (၁၄၀) ဦးအတွက် (၂၇၆၅၀၀၀၀) ကျပ်၊သက် မွေး (၁) ဦးအတွက် (၁၀၀၀၀၀) ကျပ်၊ ရောင်းဝယ်ရေး (၂) ဦး အတွက် (၂၀၀၀၀၀)ကျပ်၊ ကုန်ထုတ် (၁၅) ဦးအတွက်  (၁၅၀၀၀၀၀) ကျပ်  စုစုပေါင်း (၂၉၄၅၀၀၀၀) ကျပ် ထုတ်ချေး ပေးသည်။ ကျေးရွာမတည်စီမံကိန်း (VRFP) ရန်ပုံငွေထုတ်ချေးပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထုတ်ချေးပေးကြောင်းသိရသည်။

အဆိုပါ ချေးငွေ ထုတ်ချေးပေးရာ နဘဲပင်လှ ကျေးရွာသို့ ဝက်လက်မြို့နယ်  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးသီဟန်လင်းနှင့် ဝန်ထမ်းများက လိုက်ပါ၍ လက်ဝယ်အရောက် ထုတ်ချေး ပေးခဲ့ကြောင်း သိရှိရသည်။   

စိုးစိုးလှိုင် (ဝက်လက်)