ကလိန်အောင် စက်တင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသော လူမှုကူညီရေး ပရဟိတအသင်းများထံသို့ (ရဲတံခွန်၊ဇောတိက၊ရတနာစီမံကိန်း)မှ လှူဒါန်းထားသော တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံများနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ယမန်နေ့ မနက်ပိုင်းက ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်စိုးကကျေးရွာများသို့ သွားရောက်၍ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ကလိန်အောင်မြို့ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးတင်စိုးက ကလိန်အောင်မြို့ အတွင်းရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရှေ့တန်းမှ ကူညီဆောင်ရွက်ပေးနေသော ပရဟိတ အသင်းများကို ယခုလိုထောက်ပံ့လှူဒါန်းပေးသည့် (ရဲတံခွန်၊ဇောတိက၊ရတနာစီမံကိန်း)အား ပရဟိတအသင်းများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ကလိန်အောင်မြို့အတွင်းရှိ ပရိဟိတအသင်းများထံသို့(ရဲတံခွန်၊ဇောတိက၊ ရတနာစီမံကိန်း)မှ လှူဒါန်းထားသော PPE(၃၀၀)စုံ၊မျက်မှန် (၃၀၀)ခု၊နှာခေါင်းစည်း (Mask)(၃၀)ထုတ်၊ လက်အိတ်(၅)ထုတ်၊ခြေအိတ်(၁၂)ထုတ်တို့အား အလှူရှင်များကိုယ်စား ကလိန်အောင်မြို့ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်စိုးက ကျေးရွာများသို့ သွားရောက်၍ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်(ကလိန်အောင်)