မြင်းမူ စက်တင်ဘာ ၄
ကိုဗစ်-၁၉ ကာလအတွင်းရောဂါပိုးတွေ့ရှိသူများနှင့် သေဆုံးသူများအား သယ်ယူပို့ဆောင် မှုလုပ်ငန်းများတွင် ကူညီဆောင်ရွက်လျက်ရှိကြသည့် လူမှုကူညီရေးအသင်းများနှင့် Volunteer များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများထောက်ပံ့ပေးအပ်ပွဲကို ယနေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ရွှေပြည်သစ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအနေဖြင့် အခါအားလျှော်စွာ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ ပေးအပ် လျက်ရှိကြောင်း လူမှုကူညီရေး အသင်းများနှင့် Volunteer အဖွဲ့များကိုလည်း ဂုဏ်ပြုအပ်ပါကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုထံမှ သိရှိရသည်။
မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းများနှင့် Volunteer များအတွက် ထောက်ပံ့ပေး ခဲ့သည့်ပစ္စည်းများမှာ PPE level-1 ဝတ်စုံအစုံ(၅၀)၊ လက်အိတ် (၁၃၀)၊PPE သာမန်ဝတ်စုံ(၉၀) မျက်မှန်(၄၅)ခုနှင့် Surgical mask (၁၉၈၅)ဘူးတို့ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ က လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)