ဆော စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို တတိယနေ့ဖြစ်သည့် ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ သတ်မှတ်နေရာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် သြဂုတ်လ ၂ ရက်နေ့က ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခဲ့သည့် ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ ပရဟိတအဖွဲ့များ၊ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး ဆောမြို့နယ်၌ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၄၁၀၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆောမြို့နယ်၌ စက်တင်ဘာ ၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၂၃၅ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကိုဇော်ကြီး(ဆော)