ကျွန်းလှမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျွန်းလှ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တရုတ်နိုင်ငံထုတ် Sinopharm ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက မြိုနယ် ပြည်သူ့ဆေးရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ သံဃာတော်များ၊သီလရှင်များ၊ နိုငံ့ဝန်ထမ်းများ၊ အချုပ်သားများ၊ ဈေးသည်များအား ပထမအကြိမ် စုစုပေါင်း ၃၉၉၅ ဦးကို ထိုးနှံပေးခဲ့ကြောင်း၊ ယခုပထမကြိမ် ကာကွယ် ဆေးထိုးပြီးသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ဒုတိယအကြိမ် ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ