ဇီးကုန်းမြို့နယ်တွင် သံဃာတော်များ၊ ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဇီးကုန်း စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် သံဃာတော်များ၊ ဝန်ထမ်းများနှင့် အသက်(၆၅)နှစ် အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ကို ယနေ့ နံနက်(၈)နာရီအချိန်မှ စတင်၍  အမှတ် ၄ ရပ်ကွက်၊ မြို့လယ်သံဓမ္မာရုံ၌ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး၊ ယနေ့တွင် သံဃာတော်များ၊  အသက်(၆၅)နှစ် အထက် သက်ကြီးရွယ်အိုများ၊ ဘဏ်ဝန်ထမ်းများ၊   မော်တော်ယာဉ်လိုင်းမှယာဉ်မောင်း ယာဉ်နောက်လိုက်များ၊ ပညာရေးဝန်ထမ်းများနှင့် စက်ရုံအလုပ်ရုံမှ လူဦးရေစုစုပေါင်း(၁၁၁၅) ဦးအား ဆေးထိုးနေရာ လေးခုခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဦးစီးဌာနနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)