ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ကျွန်းလှ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲက ဆေးထိုးစုရပ် လေးနေရာ၌ အဖွဲ့လေးဖွဲ့ဖြင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဩဂုတ် ၃ ရက် မှ ၄ ရက်နေ့အထိ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည့် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ စေတနာ့ ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူ ၈၂၁ ဦးကို ထိုးနှံပေး လျက်ရှိကြောင်း၊ ကျန်ရှိ ပြည်သူများအား ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီမှ သိရသည်။

အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို-ကျွန်းလှ