သရက်ခရိုင်၊ မင်းလှမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်

အထက်မင်းလှ        ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးရန် မဲဆန္ဒရှင်စာရင်း၌ အမည်ပါဝင်ပြီး မှတ်ပုံတင်နံပါတ်ဖြည့်သွင်းရန် ကျန်ရှိသူများအား မှန်ကန်မြန်ဆန်စွာ ပြန်လည် ဖြည့်သွင်းနိုင်ရေး အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့နံနက်(၉)နာရီက တောင်ဦးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ၂၀၂၀ပြည့်နှစ်တွင် ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးပိုင်ခွင့်မဆုံးရှုံးစေရန်အတွက် သစ္စာစီမံချက်ဖြင့်  နိုင်ငံသား စိစစ် ရေးကတ်ပြားများပြုလုပ်ပေးခြင်းကို မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လဝကမှူးဦးဟန်မိုးဦးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ ပူးပေါင်း၍ ကျေးရွာနေပြည်သူများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ တောင်ဦးကျေးရွာမှပြည်သူ(၃၅၀)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ခြင်းကို စနစ်တကျဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ သစ္စာစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ပေးခြင်းကိုမင်းလှမြို့နယ်အတွင်း ကျန်ရှိ‌နေသည့် ကျေးရွာများ တွင်လည်း ကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစန်းမင်းထံမှသိရသည်။

ဇာဇာ(အထက်မင်းလှ)