စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်းသော တိရစ္ဆာန်မွေးမြူးရေး သင်တန်းဖွင့်

ကလေးဝ ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်သော တိရစ္ဆာန် မွေးမြူးရေး GHAP သင်တန်းကို ယမန်နေ့က မြို့နယ်မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မျိုးထွေးက ကောင်းမွန်သော မွေးမြူးရေး စနစ်နှင့် ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရန်၊ ကူးစက် ရောဂါအချိန်မီတားဆီးနိုင်ရေးနှင့် ကူးစက်ရောဂါဖြစ်လာပါက မြို့နယ်မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနသို့ အချိန်မီ သတင်း ပေးပို့နိုင်ရန် ရည်ရွယ်၍ ဖွင်းလှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ကလေးဝ (ပြန်/ဆက်)