ချောက် ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်ရှိကျေးလက်နေပြည်သူများအား၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန်ရည်ရွယ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများရရှိရေးအတွက် ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညွန့်၀င်းထူးနှင့် ၀န်ထမ်းများကအဖွဲ့ခွဲ၍ ကျေးရွာများသို့ ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ချောက်မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန(မြို့နယ်ဦးစီးမှူး) ဦးညွန်း၀င်းထူးက ဦးဆောင်၍ ချောက်မြို့နယ်အတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများ စာရင်းကောက်ယူခြင်း၊ စစ်ဆေးဆောင်ရွက်ခြင်းနှင့် ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။ထိုကဲ့သို့ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံး စေရေးနှင့် မဲဆန္ဒရှင် ပြည်သူများ၏ မဲစာရင်းတွင် ထည့်သွင်းရမည့်အချက်အလက်များ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် လိုအပ်ချက်များ မဖြစ်ပေါ် စေရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ လင်းတကိုင်းကျေးရွာအုပ်စုတွင် (၄၃) ဦး၊ ကြို့ပင်ကျေးရွာအုပ်စုတွင်(၈၂)ဦး၊ ပခန်းငယ် ကျေးရွာ အုပ်စုတွင်(၁၀၂)ဦး စုစုပေါင်း(၂၂၇)ဦး တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိစေရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မချို(ပြန်/ဆက်)