ဘုတ်ပြင်း ဩဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်သူအချင်းချင်း ရင်းနှီးမှုရရှိစေရန်နှင့် အသိပညာဗဟုသုတမြင့်မားပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် စာရေးဆရာမ စာရေးဆရာ အောင်သင်း၏ “နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ ’’ စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီက ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်သည်။
ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ ဥက္ကဋ္ဌ ဦးတက်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက စာဖတ်ဝိုင်းကျင်ပပြုလုပ်ရသည့်ရည်ရွယ်ချက်များ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် စာဖတ်ဝိုင်းကိုကျင်းပပြလုပ်ရာ ဦးမြင့်ဝေ (ပညာရေး-ငြိမ်း)က ဆုတောင်ခြင်းနှင့် ဆုပန်ခြင်းအကြောင်းအရာများကိုလည်းကောင်း၊ ဦးဟန်တင်က ပေးတဲ့ဆုနဲ့ ပြည့်ပါစေအကြောင်းအရာကိုလည်းကောင်း၊ ဦးတင်ဦး (ပြန်/ဆက်-ငြိမ်း)က ယတြာဆိုတာဘာလဲတဲ့အကြောင်းအရာကိုလည်းကောင်း၊ ဒေါ်တင်တင်ဆွေက ကံဆိုးတိုင်းမိုးမမှောင်ပါ အကြာင်းအရာများကို ဆွေးနွေးကြပြီး စာပေဝါသနာရှင်များနှင့် (Book Club)အဖွဲ့ဝင်များက နှလုံးသားကို လေးပေါ်တင်၍ပစ်သောအခါ စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်၍ အမြင်နှင့်ရှုထောင့်အမျိုးမျိုးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်