တောင်တွင်းကြီး ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာကာကွယ် ထိန်းချုပ်ရေးအဖွဲ့ဝင်များ၊ ပူးပေါင်း အဖွဲ့က ရွေ့လျားယာဉ်ဖြင့်အခမဲ့ ကိုဗစ်-၁၉ရောဂါ စစ်ဆေး ခြင်းများဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှဒေသခံကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကင်းဝေးစေရေး RDT( Test Kits )ဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရွေ့လျားစစ်ဆေးယာဉ်ဖြင့်ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာသို့ ကျေးရွာများရှိအနံ့ မရှိသူနှင့် ဖျားနာနေသူ (၂၅၈)ဦး လာရောက်စစ်ဆေးမှုခံ ယူခဲ့ရာ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရောဂါပိုးရှိ /မရှိ RDT ( Test Kits ) ဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ (၁၀)ဦး ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ကျန် (၂၄၈) ဦးမှာရောဂါပိုး မတွေ့ရှိရကြောင်းသိရပြီး ပိုးတွေ့လူနာ(၁၀)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံသို့ဆေး ဝါးကုသမူခံ ယူရန် ပို့ဆောင်ပေးခဲ့ကြောင်းသိ ရသည်။ ကျေးရွာနေပြည်သူများအား ရွေ့လျားယာဉ်ဖြင့် ရောဂါရှာဖွေစစ်ဆေးဆောင်ရွက်ပေးနေမှုအား ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါအား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းကို ကျန်ရှိသည့်ကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း နှင့် ကျန်းမာရေးစစ်ဆေးလိုသော ပြည်သူများအနေဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ချိတ်ဆက်၍ လာရောက်စစ်ဆေးမှုခံယူနိုင်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းအောင်ထွေးထံမှ သိရသည်။
နိုင်ဝင်း