ဓနုဖြူ ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် ဓနုဖြူမြို့နယ်အတွင်းရှိ မြို့မတိုက်နယ်၊ ဆကာကြီးတိုက်နယ်၊ ရေလဲတိုက်နယ်၊ စံကင်းတိုက်နယ်တို့တွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ဓနုဖြူမြို့နယ်အတွင်းရှိ တိုက်နယ်များနှင့် ဓနုဖြူပြည်သူ့ဆေးရုံဝန်းတွင် အသက်(၆၅)နှစ်အထက် သံဃာတော်များ၊ သီလရှင် ဆရာလေးများ၊ အသက်(၆၅)နှစ်နှင့် အထက်အဘိုးအဘွားများ စုစုပေါင်း (၁၂၆၅)ဦးကို ထိုးနှံပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံရာတွင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မြင့်မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးပြီး မိနစ်(၃၀)အနားယူစေပြီး စိတ်ချရသည့် အခြေအနေရောက်မှ ပြန်ခွင့်ပြုထားကြောင်း သိရသည်။ ထိုသို့ကာကွယ်ဆေး ထိုးနှံပေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးအေးကိုတင့်နှင့် တာဝန်ရှိသူများက ကြီးကြပ် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)