ဝေါ သြဂုတ် ၁၃
ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၆)လမှ (၉)နှစ် ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးလျက်ရှိရာ ဩဂုတ်လ(၁၃)ရက်နေ့ နံနက်(၉) နာရီ က ဝေါမြို့ရပ်ကွက်/ကျေးရွာနှင့်အုပ်ချုပ်ရေးမှူးရုံးနှင့် ကျေးလက် ကျန်းမာရေး ဌာနများတွင် ဆေးတိုက်ကျွေးပြုလုပ်လျက်ရှိသည်။
အဆိုပါ အသက်(၆)လမှ (၉)နှစ်ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့နယ် ကျန်းမာရေး ဦးစီးဌာန မှ ကျန်းမာရေးမှူးဦးစန်းအောင်နှင့် တာဝန်ရှိသူများက နံနက်(၉)နာရီမှ ညနေ (၄)နာရီထိ တိုက်ကျွေးလျက်ရှိပါသည်။ မြို့ပေါ် ရပ်ကွက် များနှင့် ကျေးရွာများအထိ အသက်(၆) လ မှ (၉)နှစ်ထိ ကလေးငယ်များ အား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေး လျက်ရှိ ကြောင်းနှင့် ယင်းဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို တစ်နှစ် နှစ်ကြိမ်တိုက်ကျွေး ပေးလျက် ရှိကြောင်း သိရသည်။
ယခုလို ဆောင်ရွက်ရခြင်းကြောင့် ကလေးငယ်များအား အာဟာရချို့တဲ့မှုကို ကာကွယ်ပေးခြင်း ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည် ဖွံ့ဖြိုးလာမှာ ဖြစ်ကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်စေရေး မိဘအုပ်ထိန်းသူများက အလေးထား ဆောင်ရွက်ကြရန် အသိပညာ ပေး ပြောကြားခဲ့ ကြောင်း သိရသည်။
အောင်မြတ်လင်း( ပြန်/ဆက်)