ဆောမြို့ ယာယီစျေးတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ၍ ကွင်းဆင်း စစ်ဆေး ပညာပေးဆောင်ရွက်

ဆော သြဂုတ် ၁၃

ဒေသအနှံ့အပြားတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်များသေဆုံးမှု ဖြစ်ပွားလျက်ရှိရာ ဝက်​မွေးမြူ ရေးခြံ များ၊တစ်နိုင်တစ်ပိုင် ဝက်မွေးမြူထားသူများအနေဖြင့် စီးပွားရေးထိခိုက်မှု မရှိစေရေးနှင့် ရောဂါပျံ့နှံ့ကူးစက်မှု မရှိစေရေး အတွက် ယနေ့ နံနက် ၇ နာရီ မကွေးတိုင်းဒေသကြီး ဆောမြို့နယ်စည်ပင်သာရာရေးအဖွဲ့မှ  ဆောမြို့ လေယာဉ်ကွင်းဟောင်း တွင် ယာယီဖွင့်လှစ်ထားသော ပျံကျစျေးအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရေးအသိပညာပေး ဆိုင်းဘုတ် များ စိုက်ထူခဲ့ကြသည်။

အဆိုပါ ဆိုင်းဘုတ်များတွင် ဝက်မွေးမြူသူများ၊ဝက်ကုန်သည်များ၊လိုင်စင်ရ ဝက်လုပ်ငန်းလုပ်ကိုင်သူများအတွက် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဖော်ပြထားရှိကြောင်းနှင့် ယာယီစျေးအတွင်း ရောင်းချလျက်ရှိသော ဝက်သားအရောင်းဆိုင်များအား မြို့နယ်စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးစံရင်၊မြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်နိုင်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွန်းစိန်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)