ရွှေပြည်သာမြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် သစ်ပင်များခုတ်ထွင်ရှင်းလင်း

ရွှေပြည်သာ ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် ရွှေပြည်သာ မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့် စည်ပင်ပန်းဥယျာဉ်ဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင်ရွှေပြည်သာမြို့နယ် အမှတ် (၂၀)ရပ်ကွက် စက်မှုလမ်းမကြီးတလျှောက် ဓာတ်အားလိုင်းများနှင့် မလွတ်ကင်း၍ လျှပ်စစ်အန္တရာယ် ဖြစ်နိုင်သော သစ်ပင်/သစ်ကိုင်းများကို ရှင်လင်းခုတ်ထွင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)