ပေါက်ခေါင်း ဩဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပေါက်ခေါင်းမြို့နယ်တွင်းရှိ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိမှု အများဆုံးဖြစ်သည့် တောင်လည်အုပ်စု ၊ပျားထိုးကျွန်းကျေးရွာနှင့် ငါးခူအိုင်အုပ်စု ၊ အောင်မြင်ကုန်း ကျေးရွာရှိ ပြည်သူများကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ Lockdown ကာလ (၁၄) ရက်သတ်မှတ်ထားကြောင်း နာရေးကိစ္စမှအပ နေအိမ်ပြင်ပသို့ မထွက်ခွာရန်နှင့် အသွားအလာ ကန့်သတ်ထားရှိသည့်ကာလအတွင်း အဆင်ပြေစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစီအစဉ်ဖြင့် ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်မှ တစ်ရွာလျင် ဆန်(၅)အိတ်နှင့် ဆီ( ၁၀)ပိဿာကို ကျေးရွာ အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမှာ နေ့စဉ်မြင့်မားလျက်ရှိနေသဖြင့် ပဲခူးတိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ထိစပ်မှုအများဆုံး ဖြစ်သည့် ကျေးရွာများမှ ပြည်သူများအား တစ်ရွာလျင် ၁၀၀ ဦးခန့် RDT Test Kit ဖြင့်ဓာတ်ခွဲနမူနာယူ၍ကျေးရွာအရောက်ကျန်းမာရေးဌာနမှဆက်လက်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။
ဥမ္မာကျော်