နေပြည်တော် ဩဂုတ် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်ဘုရားကြီးကျောင်းတိုက်တွင် သီတင်းသုံး လျက်ရှိသော ရဟန်း၊ သာမဏေများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ရှေးဦးစွာ လယ်ဝေးမြို့၊ ဘုရားကြီးကျောင်းတိုက်၊ ပဓာနနာယက နေပြည်တော် တိုင်းသံဃနာယက အဖွဲ့ဝင် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တအရိယဝံသထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က ဘုရားကြီးကျောင်းတိုက်၊ ပဓာနနာယကဆရာတော် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဝင် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တအရိယ ဝံသထံ ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာ တရားနာကြားပြီး လှူဒါန်း မှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက် တန်းကျောင်း ဆေးထိုးစုရပ်၌ သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့် အထက် ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးနေမှု အခြေအနေ များကို သွားရောက်၍ ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် စကားပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက နေပြည်တော်အဝင် စီလမ်းဆုံစုပေါင်းစစ်ဆေးရးဂိတ်တွင် ကျန်းမာရေး စစ်ဆေးဆောင်ရွက်နေမှုအား သွားရောက်၍ လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ကျန်းမာရေး စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ လိုအပ်သည်များကို လမ်းညွှန်မှာ ကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဇဗ္မူသီရိမြို့နယ်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစု ရပ်၌ အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးနေမှု အခြေအနေများကို သွားရောက်၍ကြည့်ရှု အားပေးပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)