လားရှိုး၊ ဩဂုတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဆင်းရွှေလီဘိုးဘွားရိပ်သာရှိ အဘိုး/အဖွားများ၊ အရှေ့ခါးရိုး ကျောင်းတိုက်နှင့် ပန်အုတ်ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များကို ဩဂုတ်လ လဆန်းပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ရာ ယနေ့နံနက်ပိုင်းအချိန်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်အပြီးသတ်ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေး အပြီးသတ်ထိုးနှံပေးမှုအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အရာရှိများ၊ ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဌ ဦးဇော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကာ ကိုဗစ်-၁၉ ကာကွယ်ထိုးနှံပြီးစီးကြောင်း လက်မှတ်များ ပေးအပ်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေး ရရှိမှုအပေါ်မူတည်၍ ထိုးနှံပေးမည်ဖြစ်ပြီး ထိုးနှံပေးမည့်အစီအစဉ်အား ရပ်ကွက်အလိုက် လိုက်လံကြေငြာ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဥမ္မာချို