မန္တလေး ဩဂုတ် ၂၈
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၃၁)၊ ၉ လမ်း၊ ၇၈ လမ်း နှင့် ၇၉ လမ်းကြား၊ အရိပ်မထွက်ဆုတောင်းပြည့် မြတ်စွာဘုရားအရှေ့မုဒ်ရှိ ဌာနီရှေ့နယ်လုံးဆိုင်ရာ လူမှုကူညီရေး အသင်းသို့ အလှူရှင် Myanmar CP Iivestock CO, Ltd မိသားစုမှ ယနေ့နံနက် ၁၀ နာရီခွဲက အလှူငွေ (၃)သိန်းကျပ်နှင့် ကြက်ဥအလုံး(၁၀၀၀) လှူဒါန်းခဲ့ကြောင်းသိရသည်။
အလှူငွေနှင့်ကြက်ဥများလှူဒါန်းရာတွင် အလှူရှင်မိသားစုကိုယ်စား အရောင်းမန်နေဂျာ ဦးသူရိန်ထွန်းမှ ငွေကျပ်(၃)သိန်းနှင့် ကြက်ဥအလုံး(၁၀၀၀)တို့အား ပေးအပ်လှူဒါန်းရာ ဌာနီရှေ့နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဦးရန်မျိုးအောင်နှင့် ဒုတိယဥက္ကဋ္ဌဦးစိန်လင်းတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အဆိုပါလှူဒါန်းမှုများထဲမှ ကြက်ဥအလုံး(၁၀၀၀)အား မြို့နယ်အတွင်းရှိ မိတ်ဖက်လူမှုကူညီရေးအသင်းများသို့ တဆင့်ပြန်လည်မျှဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဌာနီရှေ့နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌထံမှ သိရသည်။
ဇော်လင်းဦး(အောင်စံ)