မြို့သစ် ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိုသစ်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများအား ရွေ့လျား Mobile စစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို သြဂုတ်လ ၂၇ ရက်မှ စတင်၍ ကျေးရွာများသို့ သွားရောက်၍ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရွေလျား Mobile ယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်၏ စီမံဆောင်ရွက်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်သူနာပြု အဆင့်(၁) ဦးဖုန်းနန္ဒကျော်နှင့်အဖွဲ့သည် မကြီးကုန်းကြီးကျေးရွာ၊ လဲလူကျေးရွာ၊ တပ်ကုန်းကျေးရွာနှင့် မြို့လုလင်ကျေးရွာများရှိ ဒေသခံပြည်သူများ၊ သံသယလူနာများ စုစုပေါင်း (၃၆)ဦးအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဇော် (ပြန်/ဆက်)