ဟင်္သာတ ဩဂုတ် ၁၃
ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအောက်ရှိ (၆)မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှ ရပ်ကွက်ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအလိုက် မဲရုံအလိုက်မဲဆန္ဒရှင် (၈၆၂၆၆၁)ဦးအား ပထမအကြိမ် (၂၅-၇-၂၀၂၀)ရက်နေ့မှ(၁၄-၈-၂၀၂၀) ရက်နေ့အထိ မဲစာရင်းများ ကြေညာကပ်ထားသည်။
ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ နိုင်ငံရေးပါတီ(၉)ခုတို့မှ (၁၀၄)ဦး တစ်သီးပုဂ္ဂလ(၄)ဦး စုစုပေါင်း(၁၀၈)ဦးအနက် လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းအား (၁၁-၈-၂၀၂၀) ရက်နေ့မှစတင်၍ (၁၇-၈-၂၀၂၀)ရက်နေ့အပြီး စိစစ်ဆောင်ရွက်မည် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအား ဟင်္သာတခရိုင်တွင် မဲရုံ(၁၁၁၀)ရုံဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ကိုဇော်(ဟင်္သာတ)