ဝါးခယ်မ ဩဂုတ်၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ဒေသအတွင်းဖွံဖြိုးရေးလုပ်ငန်းများ၊ ရွှေခယ်ဇီဝိတ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုနှင့်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ကုသ ရေး လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အဖွဲ့က ယနေ့တွင် ကွင်းဆင်းကြည့်ရှု့စစ် ဆေးခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် နံနက်(၈)နာရီတွင် ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု/ကျေးရွာ၊ ကျွန်းကုန်းတံတား တည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိခဲ့ပြီးတံတားတည် ဆောက်ရေးအထူးအဖွဲ့(၂) တာဝန်ခံအင်ဂျင်နီယာ/လက် ထောက်ညွှန် ကြားရေး မှူးဦးထောင်စိန်က ကျွန်းကုန်းတံတားတည် ဆောက်ရေး လုပ်ငန်းအား ၂၀၁၈ -၂၀၁၉ဘဏ္ဍာရေးနှစ် ခွင့်ပြုရံပုံငွေကျပ်(၇၆၀၀)သန်းဖြင့်စတင်တည်ဆောက်ပြီး COVID-19 ကူးစက်ရောဂါဆိုင်ရာ ကိစ္စရပ်များ ကြောင့် လုပ်ငန်းများရပ်နားခဲ့ရသဖြင့် ပြီးစီးရက်အား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်ထိတိုးမြှင့် သတ်မှတ်ထားကြောင်း၊ တံတားအရှည် (၂၄၀)မီတာ၊ အကျယ် (၇.၃၂)မီတာ၊ (တစ်ဖက်)လျင် လူသွားလမ်း (၀.၉၁)မီတာအပါ)၊ အောက်ခြေ သံကူကွန်ကရစ် ဘိုးပိုင်၊ အပေါ်ထည်နှင့်ကြမ်းခင်း သံကူကွန်ကရစ်၊ ရေ လမ်းကင်း လွတ်အမြင့်(၅.၅)မီတာ၊ ရေလမ်း ကင်းလွတ်အကျယ်(၁၆၀)ပေ၊ ခံနိုင်ဝန်(၆၀)တန်ဖြစ်ပြီး (၇၅) ရာနှုန်းပြီးစီးနေမှုနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်းကြီးချုပ်က လုပ်ငန်း ခွင်အတွင်းကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလ အတွင်းပြီးစီးနိုင်ရေးအတွက် လိုအပ်ချက်များလမ်းညွှန်မှာကြားခဲ့ပြီး မော်လမြိုင်ကျွန်းမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
ထိုမှတဆင့် ဝါးခယ်မမြို့၊ ရွာလယ်ရပ်ကွက်၊ မြို့ပတ်လမ်း၊ အောက်ဆီဂျင်စက်ရုံ တည်ဆောက် ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ဦးဆောင်ဆရာတော် ဘဒ္ဒန္တ ဇဝန အမှူးပြုသော သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူများက အောက်ဆီဂျင်စက်ရုံအား ကိုယ့်အားကိုယ်ကိုးရန်ပုံငွေဖြင့် “အောင်ဇေနိုင်” ကုမ္ပဏီက ဇူလိုင်လ ၁၈ ရက်မှစ၍ တည်ဆောက်လျှက်ရှိရာ (၈၅)ရာနှုန်းပြီးစီးနေမှု အခြေအနေနှင့် တရုတ်နိုင်ငံထုတ် အောက်ဆီဂျင်စက် (Oxygen Genarator, Model NTFO- 50)အမျိုးအစား၊ ကာလတန်ဖိုးငွေကျပ် (၁၁၀၀)သိန်း၊ တစ်နေ့ထုတ်လုပ်နိုင်မှု (၄၀)လီတာအိုး (၂၀၀)လုံးအား ဝယ်ယူထားရှိမှုအခြေအနေတို့ကိုရှင်းလင်း တင်ပြခဲ့ကြသည်။
ထို့နောက်ဝါးခယ်မမြို့၊ဆေးရုံရပ်ကွက်၊ မြူရုံးလမ်း၊ မြို့နယ်ပြည်သူ့ဆေးရုံ (ခုတင် ၅၀)သို့ရောက်ရှိပြီး ဆေးရုံတက်ရောက် ကုသမှုခံယူလျှက်ရှိသော ရိုးရိုးလူနာ ကျား(၄၃)ဦး၊ မ(၅၁)ဦး၊ စုစုပေါင်း(၉၄)ဦးနှင့် COVID-19 ပိုးတွေ့လူနာ ကျား(၁၂)ဦး၊ မ(၅)ဦး၊ စုစုပေါင်း(၂၇) ဦးတို့အား ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းထက်နှင့် တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်နေမှုကို အားပေးစကားပြောကြားကာ COVID-19 လူနာများ စားသောက်စားရိတ်ငွေကျပ် (၃၈)သိန်း၊ ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံငွေ(၅)သိန်း၊ အောက်ဆီဂျင်စက်(၂)လုံး ကာလတန်ဖိုး (၃၆)သိန်း၊ ဆေးဝါးမျိုးစုံ ကာလတန်ဖိုး(၂၅)သိန်း၊ စုစုပေါင်းတန်ဖိုး ငွေကျပ်(၁၀၄)သိန်းအား ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းထက်က လက်ခံရယူခဲ့ကြောင်း၊ ၎င်းနောက် သဲကုန်း ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ၊ တောင်သူ ဦးရွှေပွား လုပ်ကိုင်ခွင့်ရရှိသော သဲကုန်းကွင်းအမှတ်(၁၀၀၃)၊ ဦးပိုင်အမှတ် (၁၁၃/၈)၊ လယ်မြေ (၇၀)ဧကတွင် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးထားသည့် ဧရာမင်း စပါးမျိုးသန့် မိုးစပါး စံပြစိုက်ခင်းအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဦးကျော်သိန်းထွန်း နှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ဒေသခံ တောင်သူများက စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲ ပြုလုပ်နေမှုကို ကြည့်ရှုအားပေးကာ ၁၃၄၀ အချိန်တွင် အိမ်မဲမြို့သို့ ဆက်လက်ထွက်ခွာ သွားကြောင်း သိရှိရပါသည်။
စောသန္တာဦး