လပွတ္တာမြို့နယ်၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး

လပွတ္တာ   သြဂုတ်   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ အများပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လပွတ္တာမြို့နယ် ဦးစီးမှူးရုံးမှ ယနေ့ နံနက် ၁၀ နာရီအချိန်က ညောင်လိန်ကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်အတွင်းရှိ ပြည်သူများအား သစ္စာစီမံချက်ဖြင့် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိစေရန်နှင့် ကျန်ရှိနေသော ကျေးရွာများသို့  ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းကျော်မြင့် (လပွတ္တာ ခရိုင် ပြန်/ဆက်)