မြို့သစ် သြဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၏ အဓိက စိုက်ပျိုးပေးခဲ့သည့် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့် မြေပဲများကိုသာ အလေးထားဆောင်ရွက်ခဲ့သည့် မကွေးတိုင်းဒေသ၏ နယ်မြေဖြစ်ပါသည်။
ယခုနှစ် မိုးတွင်းကာလ နှမ်းစိုက်ပျိုးခြင်းအစပိုင်းတွင် နှမ်းစိုက်သည့် တောင်သူများမကောင်း သည့် နှမ်းစိုက်ခင်းဟူ၍ မရှိခဲ့ပါ ကံကြမ္မာ၏ လှည့်စာခြင်းမဟုတ်ဘဲ ရာသီဥတု၏ ဖျက်ဆီးမှုကြောင့် တောင်သူတော်တော်များများစိုက်ပျိုးခဲ့သည့် နှမ်းစိုက်ခင်းများပျက်ဆီးခဲ့ရသည်များကို လေးတိုင်စင်ကျေးရွာ တောင်သူဦးပေါက်စ၏ ပြောပြချက်အရ သိရှိခဲ့ရပြီး၊ ယခုနှမ်းပြီးလို့မဆုံးသေး မြေပဲစိုက်ပျိုးရန် ထွန်ယက်လျက်ရှိခဲ့ပါသည်။
မြေပဲစိုက်ပျိုရန်အတွက်လည်း ယခုတောင်သူများမှာ အလုပ်သမားရှားပါးခြင်းကြောင့် စက် မှုလယ်ယာဦးစီးဌာနက လယ်ထွန်စက်များ၏ အကူအညီဖြင့် ထွန်ယက်လျက်ရှိခဲ့ရပါသောကြောင့် အချိန်နှင့်တစ်ပြေးညီစိုက်ပျိုးရသည့်အတွက် အကူအညီပေးခဲ့ကြသော ကျေးရွာအုပ်ချုပ်ရေးမှုးများ မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း တောင်သူများ၏ကိုယ်စား လေးတိုင်စင်ကျေးရွာတွင် နေထိုင်သော ဦးပေါက်စက ပြောကြားချက်များ ရေးသားဖော်ပြအပ်ပါ သည်။
ကိုဇော်