ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူနှင့် ဆက်စပ်သူများအား ကန့်သတ် စောင့်ကြည့်ထားရှိခဲ့သည့် ဖြူးမြို့အ.ထ.က(၁) Quarantine Centerတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ဖြူး ဩဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများနှင့် ဆက်စပ်သူများအား ကန့်သတ်စောင့်ကြည့်ထားရှိခဲ့သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Quarantine   Centerတွင် ယနေ့ နံနက်(၈)နာရီမှ စတင်ကာ  သန့်ရှင်းရေး ပြုလုပ်ခြင်း များကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်ရှိ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူများနှင့်ဆက်စပ်သူ များအားထားရှိသည့်  Quarantine   Center တစ်ခုဖြစ်သော အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းအား ကန့်သတ်စောင့်ကြည့် ထားရှိသည့်ရက် ပြည့်သွားပြီဖြစ်သဖြင့် ဆေးဖြန်းခြင်းနှင့်သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးစောမင်းသူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး လှမျိုးသိန်း၊မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများက ဦးဆောင်ကာ စည်ပင်သာယာရေးဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းခန်းအတွင်း အမှိုက်များ ရှင်းလင်းကာ စာသင်ခုံများစီခြင်း၊ ကျောင်းဆောင်များ ပတ်ဝန်းကျင်ရှိ မြက်နှင့်အမှိုက်များ ရှင်းလင်းခြင်းနှင့် ဆေးဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်