ကျိုက်လတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ငွေများထုတ်ပေးလျက်ရှိ

ကျိုက်လတ် ဩဂုတ်လ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၂၁ခုနှစ်၊ ဩဂုတ်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဩဂုတ်လ၂၃ ရက်နေ့မှစ၍ ဘဏ်များ ပြန်လည်ဖွင့်လှစ်ကာ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်၈နာရီအချိန်မှ စ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးထုတ်ပြန်ချက်များနှင့်အညီ ဆက်လက် ထုတ်ပေးလျက်ရှိကြောင်းနှင့် ယမန်နေ့အထိ အငြိမ်းစား(၇၀၀)ဦးကျော်၏ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်မြန်မာ့စီးပွါးရေးဘဏ်မှ သိရှိရသည်။     

ကျိုက်လတ်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင် ၂၀၂၁ခုနှစ်၊ ဩဂုတ်လအတွက် ပင်စင်လစာ ထုတ်ယူရန် အငြိမ်းစားဝန်ထမ်းပေါင်း(၁၃၀၀)ဦး ကျော်ရှိသဖြင့် လကုန်ရက်အထိ ဘဏ်ဖွင့်ရက်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးထုတ်ပြန်ချက်များနှင့်အညီ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ပင်စင်လစာငွေ လာရောက်ထုတ်ယူရာတွင် ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် အငြိမ်းစားဝန်ထမ်းများကလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်လာခြင်း၊ တစ်ဦးနှင့် တစ်ဦး(၆)ပေကွာ၍ ထိုင်စောင့်ခြင်း၊ အသက်ကြီးသူများကို ဦးစားပေး၍ ကူညီဖေးခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မြိုနယ်မြန်မာ့စီးပွားရေးဘဏ်မှ မေတ္တာရပ်ခံ ပန်ကြားထားကြောင်း သိရသည်။

ဌေးဌေးလှိုင်