ဒိုက်ဦးမြို့နယ်ရှိ နတ်ကင်းကျေးရွာသဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းအခမ်းအနားကျင်းပ

ဒိုက်ဦး ဩဂုတ် ၂၅

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒိုက်ဦးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက် မပြတ် ငါးလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာဖူ လုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ် နတ်ကင်းကျေးရွာသဘာဝရေပြင်အတွင်းငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်း အခမ်း အနားကို (၂၅.၈.၂၀၂၁) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းငါးလုပ်ငန်းဉီးစီးဌာန ဒုတိယတိုင်း ဉီးစီးမှူး ဉီးစိုးမင်း၊ခရိုင်ငါး လုပ်ငန်း ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်စီမံ  အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်ငါးမျိုး စိုက်ကြီးကြပ်ကွပ် ကဲရေးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူး  သက်နောင်ဦးနှင့် အဖွဲ့ဝင်များ၊ ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကျော်လင်းထွန်း၊ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူးဦးစိုးထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိဦးဟန်ကို လတ်နှင့် ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များတက် ရောက်သူဦးရေ (၂၅) ဦးဖြင့်  နတ်ကင်းကျေးရွာ သဘာဝရေပြင် အတွင်း  ၂ လက်မအရွယ် ငါးမြစ်ချင်းကောင် ရေ(၂၃၂၀၀၀)နှင့် ငါးခုံးမကြီးကောင်ရေ (၅၀၀၀၀) စုစုပေါင်း ကောင်ရေ (၂၈၂၀၀၀) အား ငါးမျိုးစိုက်ထည့်ပေးခဲ့ပါသည်။

မြို့နယ်(ပြန်/ဆက်)