ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငဝန်မြစ်အတွင်း ငါးသားပေါက် ငါးမျိုးများ စိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

ပုသိမ်မြို့   ဩဂုတ်   ၂၅

ပုသိမ်မြို့နယ် ငဝန်မြစ်အတွင်း ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှရေလုပ်သားများ လူမှုဘဝဖွံ့ဖြိုးတိုး တက်လာစေရန်၊ ငါးထုတ်လုပ်မှု တိုးတက်စေရန်၊ ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ သားစဉ်မြေးဆက် ငါးစားသုံးနိုင်စေရန်အတွက် ငဝန်မြစ်အတွင်း ငါးသားပေါက်များ ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင် ဝင်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းမြင့်စော၊ ခရိုင်ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးအေးနိုင်၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ် ငါးမျိုးစိုက်ထည့်ရေးကော် မတီဝင်များ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြသည်။

ထို့နောက် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၂၅၀၀၀၀)နှင့် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၂၅၀၀၀၀)၊ စုစုပေါင်းကောင်ရေ(၅၀၀၀၀၀)အား ငဝန်မြစ်အတွင်းသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက စုပေါင်းကာ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြပြီး၊ ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး၊ ငါးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့နှင့် ပုသိမ်မြို့နယ် ငါးလုပ်ငန်း စခန်းတာဝန်ခံတို့က ပုသိမ်မြို့နယ် အမှတ် ၁၂ နယ်မြေ သရောင်းချောင်း မျိုးသန့်ခြံအတွင်းရှိ ဆင့်ပွားမျိုးစေ့ ပေါ်ဆန်း ဘေးကြား စိုက်ခင်းအတွင်း ငါးခုံးမကြီး ကောင်ရေ(၁၁၇၅၀၀)ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

 

မြင့်ဟန်