ဆေးပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး ဆေးဆိုင်များအား စစ်ဆေးကြပ်မတ်

မြင်းမူ ဩဂုတ် ၂၅

ကိုဗစ်-၁၉ ကာလ ဖြစ်သည်နှင့်အညီ    ပြည်သူများအနေဖြင့် ကျန်းမာရေးအတွက် သောက်ဆေးများ ဝယ်ယူသုံးစွဲမှု များပြားလာသည်ဖြစ်ရာ ယင်းဆေးဝါးများ ဆေးနှုန်းတည်ငြိမ် ရေးလိုက်လံအသိပေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် ဆောင်ရွက်ခဲ့သည်။

အဓိကဆောင်ရွက်မှုမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သည်နှင့်အညီ ကျန်းမာရေး အတွက် မဖြစ်မနေ ဝယ်ယူသုံးစွဲရသည့် သောက်ဆေးများ ရောင်းချရာတွင် ဈေးနှုန်းတည်ငြိမ်မှု ရှိရေးနှင့် ဆေးဆိုင်များအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ  ရောင်းချရေး၊    ရောင်းသူ ဝယ်သူများအနေဖြင့် မဖြစ်မနေ နှာခေါင်းစည်း(mask)တပ်ဆင်ထားရေးအတွက် အသိပေးစစ်ဆေး ခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရှိရသည်။

စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန မီးသတ်ဦးစီး ဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ ဝင်များ ပူးပေါင်းပါဝင်ကြပြီး ဈေးအတွင်းအပြင်ရှိ ဆေးရောင်းချလျက်ရှိသည့် ဆေးဆိုင်အားလုံးကို စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)