ဆားလင်းကြီး ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လူစည်ကားရာနေရာများ၌ နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီ ခွဲ အချိန်က မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော မိဘပြည်သူများနှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ ဆားလင်းကြီး-ညောင်ပင်ကြီးသွား ကားလမ်းမကြီး ပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ပြည်တွင်းကူးစက်မှုနှုန်း မြင့်မားလာမှုကြောင့် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှ သွားလာကြရန်၊ စျေးရောင်း၊ စျေးဝယ်ပြုလုပ်ရာတွင်လည်း တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးအတိုင်း ရောင်းဝယ်မှုပြုကြရန်နှင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ချမျတ်ထားသော စည်းကမ်းသတ်မှတ်ချက်၊ လမ်းညွှန်မှာကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်သွားကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း Mask အခု (၅၀၀) ကို (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နှာခေါင်းစည်း Mask (အခမဲ့) ဖြန့်ဝေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကို နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်