ပလောက် ဩဂုတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင် ရေးအတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေ (၃)နာရီ ခန့်က အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါနှိုးဆော်ချက်များကို မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ လောက်တပ်နယ်မှတာဝန်ရှိသူများနှင့် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါဝေဒနာသည်များရှိရာ နေအိမ်များသို့ ဝင်ထွက် သွားလာခြင်းဂရုပြုရန်၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကိုဆပ်ပြာနှင့်စက္ကန့် (၂၀) ကြာ မကြာခဏ စနစ်တကျဆေး ကြောရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူကြရန် စသည့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ် ပြန်ထား သော ရောဂါကာကွယ် ရေး ဆိုင်ရာအချက်များကိုနည်းလမ်းများကို အသံချဲ့စက်ဖြင့် စဉ်ဆက်မပြတ် အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ဒေါ်နှင်းမြူလွင်