တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရေတာရှည်မြို့အတွင်းဆန်တစ်ပြည် တစ်ထောင်ကျပ်နှုန်း ရောင်းချ

ရေတာရှည် ဩဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ပြည်သူများ ‌ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ ဆန် ၁ ပြည် ငွေကျပ် ၁၀၀၀ နှုန်းထားဖြင့် မြို့ပေါ်စည်ပင်သာယာရေးဈေး၌ ရောင်းချပေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ရောင်းချရာ၌ သြဂုတ်လ ၂၄ ရက်မှ စတင်၍ နှံကောက်အမျိုးအစား ဆန်အိတ် ၃၀၀ အား စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့်  ရောင်းချပေးသွားမည်ဖြစ်ပြီး ရပ်ကွက်များနှင့်ကျေးရွာများသို့ လှည့်လည်ကာ  ရောင်းချပေး မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

အေးဆု