ပြည်ကြီးမဏ္ဍိုင် သြဂုတ် ၂၃
တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ပြန့်နှံ့လျက်ရှိရာ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် အခြေခံစားသောက်ကုန် အရောင်းဆိုင်များနှင့် စျေးရောင်း/စျေးဝယ်သူများ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး ကွင်းဆင်း အသိပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီတွင် ပြည်ကြီး မဏ္ဍိုင်ရပ်ကွက်၊ လေညာအရှေ့၊ အနောက်ရပ်ကွက်တို့တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းအသိပေး ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးသိမ်းမင်းထိုက်နှင့် နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင် သာယာရေးအဖွဲ့ တာဝန်ခံနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆိုင်များအတွင်း စျေးရောင်း ချရာတွင် ပါးစပ်၊ နှာခေါင်းစည်း (Mask)တပ်ဆင်ကြရန်၊အခြေခံစားသောက်ကုန်စျေးဆိုင်များ၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များနှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များသာ ဖွင့်လှစ်ရောင်းချ ကြရန်၊ ကွမ်းယာဆိုင်များနှင့် အရေးမကြီးသည့် စျေးဆိုင်များယာယီပိတ်သိမ်းထားကြရန်၊ စျေးဝယ်သူများအား ပါးစပ်၊ နှာခေါင်းစည်း(Mask)ပါမှသာ ရောင်းချရေး၊ အိမ်တစ်အိမ်တွင် လူတစ်ဦးသာ လာရောက်စျေးဝယ်ကြရန်နှင့် (Mask) တပ်ဆင်လာကြရန်တို့ကို ကွင်းဆင်း အသိပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ကြီးမဏ္ဍိုင်