ကလေး၊ ဩဂုတ်၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharn)များ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသည့် ဝန်ထမ်း (၄၀)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စုပေါင်းရုံး (OSS)တွင် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စုပေါင်းခန်းမ၌ ဆေးထိုးရန် လာရောက် သူများကို စာရင်းသွင်း မှတ်တမ်းယူခြင်း၊ အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာတွင် စနစ်တကျနေရာယူစေခြင်းများနှင့် လိုအပ်သည်များကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ လူမှုကူညီရေး ပရဟိတအသင်းတို့ ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ကျော်