ပလောက် ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ မြိုပေါ်ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ်ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်တွင် မြို့စည်ပင်သာယာဈေးကြီး အရှေ့ မြိတ်-ထားဝယ် ကားလမ်းမပေါ်နှင့် အမှတ်(၄)ရပ်ကွက်၊ လမ်းဆုံတို့တွင် ခရီးသွား ပြည်သူများနှင့် နေအိမ် ပြင်ပထွက်ခွာသွားလာနေသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ အရေးယူခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပလောက်မြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ ဦးဆောင်သော ပူးပေါင်းအဖွဲ့ကပါးစပ်၊ နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ပါးစပ်၊နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်း မရှိသည့်ခရီးသွား ပြည်သူများအား ဒဏ်ငွေပေးဆောင်စေခြင်းနှင့် အရေးယူခြင်းတို့ကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေါ်နှင်းမြူလွင်