စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကျော် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနေမှုများနှင့် ဒေသန္တရဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

မုံရွာ သြဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးဝန်ကြီး ဦးအေးလှိုင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ချောင်းဦးမြို၊ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ အသက် ၆၅ နှစ်နှင့် အထက် အဘိုး/အဘွားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ နှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ချောင်းဦးမြို့၊ အနော်ရထာခန်းမ၌ ကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲတွင် အောက်ဆီဂျင် စလင်ဒါများနှင့် Concentrator ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်မှ အဖွင့်အမှာ စကားပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများမှ တင်ပြချက်များအပေါ် လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေကြသော ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များအတွက် အောက်ဆီဂျင်စလင်ဒါ 40L အိုးများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီသို့ ထောက်ပံငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာရှိ စံပြဝါ ၁၈ ဧကစိုက်ခင်းသို့ရောက်ရှိ၍ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းလှိုင်ဦးမှ  ချည်မျှင်ရှည်ဝါစိုက်ပျိုးနေမှုများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဝါစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ၅၉၇၄၆ ဧကစိုက်ပျိုးရန် လျာထားမှုအပေါ်  ၁၈၀၁၅ ဧက စိုက်ပျိုးပြီးဖြစ်သဖြင့် ဝါစိုက်ပျိုးရန် ကျန်ရှိသည့်ဧရိယာများအား စက်တင်ဘာလကုန်အပြီး စိုက်ပျိုးနိုင်ရေးနှင့် ၁ ဧက ဝါအထွက်နှုန်း တိုးရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ချောင်းဦးမြို့နယ်၊ ငါးရှန်ကျေးရွာ မြေပဲစိုက်ခင်းသို့ရောက်ရှိ၍ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းလှိုင်ဦးမှ သဘာဝပိုးသတ်ဆေးထုတ်လုပ်မှု သရုပ်ပြခြင်းနှင့် EM ဘိုကာရှီသဘာဝဓာတ်မြေသြာဇာ သရုပ်ပြသမှုအား ကြည့်ရှုအားပေးခဲ့၍ ဓာတုဓာတ်ကြွင်းကင်းလွတ်သော သဘာဝပိုးသတ်ဆေးနှင့် မြေသြဇာများကို တောင်သူလယ်သမားများလက်ဝယ်သို့ ရောက်ရှိရေးအတွက် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်အတွက်  လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်း    ပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။