မင်းဘူး(စကု) မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပါက ရေကြီးရေလျှံခြင်း ရှိမရှိ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း

မင်းဘူး ဩဂုတ် ၂၂

ဦးတင်အုန်း (မြို့နယ်တာဝန်ခံ) မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန             
            ဟုတ်ကဲ့ဆရာ။ မင်္ဂလာပါရှင့်၊ ကျွန်မတို့မင်းဘူးမြို့မှာ နှစ်စဉ်မိုးရာသီရောက်တိုင်း ကြုံတွေ့ရလေ့ရှိတဲ့ ဒီဧရာဝတီ မြစ်ရေ မြင့်တက်ပြီး မြစ်ရေကြီးမှုအခြေအနေများနှင့် ပတ်သက်ပြီးတော့ သိရှိစေဖို့အတွက် အခုလိုလာရောက် တွေ့ဆုံမေးမြန်းရခြင်းဖြစ် ပါတယ်ရှင့်။
            ကျေးဇူးပါ၊ ကျွန်တော်လည်း တတ်နိုင်သရွေ့ အကုန်လုံး သိသလောက်မှတ်သလောက်ကို ဖြေပေးပါမယ်။    
မေး။      ဟုတ်ကဲ့ပါရှင့်။ အခုပထမဆုံးအနေနဲ့ပေါ့နော် မင်းဘူးမြို့ရဲ့တည်နေရာနဲ့ မင်းဘူးမြို့အနေနဲ့ ပင်လယ်ရေမျက်နှာပြင်    အထက် ဘယ်လောက်မှာရှိလဲ ဆိုတာလေးကို ပြောပြပေးပါရှင့်။    
ဖြေ။       ကျွန်တော်တို့ မင်းဘူးမြို့ ဒီစခန်းပေါ့လေ၊ စခန်းတည်နေရာကတော့ လတ္တီကျု 20 ဒီဂရီ 10 မိနစ် N ဖြစ်ပြီးတော့                    လောင်ဂျီကျုအနေနဲ့ 94 ဒီဂရီ 53 မိနစ် E ဖြစ်ပါတယ်။ ကျွန်တော်တို့ ပင်လယ်ရေမျက်နှာပြင် အမြင့်ကတော့ 49.489 m            အမြင့်မှာရှိပါတယ်ခင်ဗျာ။                       
မေး။      ဟုတ်ကဲ့ပါရှင့်။ ကျွန်မတို့မင်းဘူးမြို့အနေနဲ့ ဒီရေကြီးရေလျှံမှုဖြစ်လာနိုင်တဲ့ စိုးရေရိမ်အမှတ် နဲ့ လက်ရှိရေအမှတ်ကို                လည်းပြေပြပေးပါအုံးရှင့်။    
ဖြေ။       မင်းဘူးမြို့ စိုးရိမ်ရေအမှတ်ကတော့ ၁၇၀၀ cm ဖြစ်ပြီးတော့ ယခုယနေ့လက်ရှိပေါ့နော် လက်ရှိရေအမှတ်က ၁၂၂၅ cm            အဖြစ်သို့ရောက်ရှိနေပါတယ်။           
မေး။      မင်းဘူးမြို့အနေနဲ့ နှစ်စဉ်နှစ်တိုင်း မြစ်ရေကြီးမှုဖြစ်တဲ့အခါမှာရော စိုးရိမ်ရေအမှတ်ကို ကျော်လွန်ပြီး ရေကြီးရေလျှံမှုတွေ             ဖြစ်ပသလားရှင့်။
ဖြေ။       နှစ်စဉ်နှစ်တိုင်းတော့ စိုးရိမ်ရေအမှတ်ကို မကျော်လွန်ပါဘူး၊ မရောက်ရှိခဲ့ပါဘူး၊ ရောက်ရှိတဲ့နှစ်တွေတော့ရှိတာပေါ့။
မေး။      ဟုတ်ကဲ့ပါဆရာ၊ မြစ်ရေကြီးမှု နဲ့ ပတ်သက်ပြီးတော့ ဒီမင်းဘူးမြို့မှာလေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ပြီးတော               ထူးထူးခြားခြား ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့ နှစ်တွေ ရှိလားရှင့်၊ စိုးရိမ်ရေအမှတ်တွေ ဘယ်လောက်ထိမြင့်တက်ခဲ့သလဲရှင့်။
ဖြေ။       ဟုတ်ကဲ့ရှိပါတယ်ခင်ဗျာ့။ ကျွန်တော်တို့ ပထမဦးဆုံးပေါ့လေ၊ အမြင့်ဆုံးရောက်ရှိခဲ့တဲ့ ရေအမှတ်ကတော့ ၁၉၂၆ cm ထိ             ရောက်ရှိခဲ့ပါတယ်၊ ရောက်ရှိတဲ့ရက်စွဲကတော့ (၃၁-၇-၂၀၀၄) အဲဒါတော့အမြင့်ဆုံး၊ ဒုတိယအမြင့်ဆုံးကတော့ ၂၀၁၆             ခုနှစ်မှာဖြစ်ပြီးတော့ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ခဲ့တဲ့ ၁၈၃၃ cm ထိရောက်ရှိခဲ့တယ်၊ အဲရောက်ရှိခဲ့တာကတော့  (၅-၈-၂၀၁၆) ရက်နေ့ဖြစ်တယ်၊ တတိယအမြင့်ဆုံးရောက်ရှိခဲ့တဲ့ ရေအမှတ်ကတော့ ၁၇၉၄ cm ဖြစ်ခဲ့ပြီးတော ရောက်ရှိ   တဲ့ရက်စွဲကတော့ (၇-၈-၂၀၀၇) ဖြစ်ပါတယ်။        
မေး။      ဟုတ်ကဲ့ပါရှင့်။ ဒီနှစ်အတွက်ပေါ့နော် ဒီမြစ်ရေကြီးမှု အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ပြီးတော့            ရေကြီးရေလျှံမှုတွေဖြစ်နိုင်သလားရှင့်။
ဖြေ။       ယခင်နှစ်ဖြစ်တဲ့ ၂၀၂၀ ခုနှစ်ကလည်း စိုးရိမ်ရေအမှတ်ကို မရောက်ရှိခဲ့ပါဘူး၊ ယခုနှစ်လည်း ရောက်ရှိမယ်လို့ မမျှော်လင့်် ပါဘူး၊ မျှော်လင့်မထားပါဘူး။                    
မေး။      ဟုတ်ကဲ့ပါဆရာ။ ယခင်နှစ်အတွင်းမှာပေါ့နော် မိုးရေချိန် နဲ့ မြစ်ရေအမြင့်ဆုံးရေအမှတ် ဘယ်လောက်ထိမြင့်တက်ခဲ့ပါသ          လဲရှင့်။  
ဖြေ။       ယခင်နှစ် မြစ်ရေချိန်အမြင့်ကတော့ (၁၆၂၈) cm သို့ ရောက်ရှိခဲ့ပါတယ်၊ ရောက်ရှိတဲ့ရက်စွဲကတော့ (၂၉-၈-၂၀၂၀)  နေ့           ဖြစ်ပြီး မိုးရေချိန်မှာတော့ တစ်နှစ်ပတ်လည်လုံး ၂၆.၁၈ လက်မသာ ရရှိခဲ့ပါတယ်။     
မေး။      ဟုတ်ကဲ့ပါရှင်။ မင်းဘူးမြို့ရဲ့ မိုး‌ရေချိန် ရွာသွန်းမြဲခန့် ရှိပါသလား၊ ရွာသွန်းမြဲအောက် လျော့နည်းပါသလားဆရာ။      
ဖြေ။       မင်းဘူးမြို့ရဲ့ ရွာသွန်းမြဲကတော့ ၃၂.၈၇ လက်မဖြစ်ပြီးတော့ မနှစ်ကတော့ ရွာသွန်းမြဲအောက်ကို ရောက်ခဲ့ပါတယ်၊ မနှစ်          က မိုး‌ရေချိန်စုစုပေါင်းကတော့ ၂၆.၁၈ လက်မသာ ရရှိခဲ့ပါတယ်။
မေး။      ဟုတ်ကဲ့ပါရှင့်။ အကယ်၍ပေါ့နော် ဒီနှစ်မှာ မြစ်ရေမြင့်တက်မှု ဟာ စိုးရိမ်ရေအမှတ်ကို ရောက်ရှိကျော်လွန်ခဲ့မယ်ဆိုရင်             ရေဘေးသင့်ပြည်သူတွေအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေလေးတွေကိုလည်း သိပါရစေရှင့်။                   
ဖြေ။       ယခုနှစ်မှာ ကျွန်တော်တို့ကတော့ ဟိုဧရာဝတီမြစ်ရေဟာ ၁၆၀၀ cm ရောက်ပြီ ၁၇၀၀ cm ရောက်ဖို့ (၁) ပေ အလိုပေါ့၊            ၁၀၀ cm အလိုမှာ ရောက်ရှိခဲ့လို့ရှိရင် ကျွန်တော်တို့က (၁) နာရီကို (၁) ကြိိမ်တိုင်းရပါတယ်၊ (၁) နာရီ တစ်ကြိမ်တိုင်းပြီး       တော့ အထက်အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်ကို ဖုန်းဖြင့်သတင်းပို့ပေးရပါတယ်၊ အထက်အာဏာပိုင် အဖွဲ့အစည်း        ကနေပြီးတော့ ရပ်ကွက်/ ကျေးရွာများ ကို ရေဘယ်လောက်တက်နိုင်တယ်၊ ဘယ်လောက်တက်နိုင်တယ် ဆိုပြီး စီမံ        ခန့်ခွဲ      ပြီးတော့ ညွှန်ကြားတာပဲရှိပါတယ်၊ ကျွန်တော်တို့အနေနဲ့ကတော့ တိုင်းထွာချက်ယူပေးရုံပါပဲ။

မေး။      ဟုတ်ကဲ့ပါရှင့်။ ဒီမြစ်ရေကြီးမှု နဲ့ပတ်သက်ပြီး ဆရာဘာများ ဖြည့်စွက်ပြီးတော့ ပြောချင်ပါသေးလဲရှင့်။       
ဖြေ။       မြစ်ရေကြီးမှုအနေနဲ့ကတော့ အမှန်တကယ်ကတော့ အထက်မှာလည်းရေရှိမယ်၊ အောက်မှာလည်းရေရှိမယ်ဆိုရင်တော့           ရေကတော့ တက်နိုင်တာပေါ့နော်၊ အထက်ကလည်း တစ်ဖြည်းဖြည်း ရေကကျလာပြီ၊ ယနေ့ဆိုရင် မြစ်ကြီးနားမှာ ရေကျ            ပြီ၊ ကျပြီဆိုတော့ မြစ်ကြီးနားအောက်ကို ဘယ်နှစ်ရက်ဆိုရင် ကျွန်တော်တို့ဆီ ရေပြန်ကျမယ်၊ အဲတော့ ဒါကြောင့်                ကျွန်တော်တို့ စိုးရိမ်ရေအမှတ်တော့ မရောက်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့မြစ်ကြီးနားကရေ ပြန်ကျပြီ၊ ရေပြန်ကျ       တော့ နောက်(၇) ရက်လောက်ဆိုရင် အဲကျတဲ့ရေသည် ကျွန်တော်တို့ဆီကို ရောက်မှာ၊ ရောက်ရင် သူတို့ (၃) ရက် ကျရင်    (၃) ရက်ရောက်မယ်၊ (၃) ရက်ပြန်ကျမယ်၊ အဲတော့ ဒီတစ်ပတ်အတွင်း ကျွန်တော်ထင်တာတော့ ၁၇၀၀ cm အထက်     တော့ မရောက်ရှိပါဘူး၊ စိုးရိမ်စရာလည်းမလိုပါဘူးလို့။     
            ဟုတ်ကဲ့ပါရှင့်။ အခုလိုမျိုး မြစ်ရေကြီးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ပြည့်ပြည့်စုံစုံလေး ဖြေကြားပေးသွားတဲ့ ဆရာ့ကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။        
            ကျေးဇူးပါခင်ဗျာ။ အားလုံးပဲကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမာခြင်း နဲ့ အားလုံးပြည့်စုံကြပါစေ။

သူဇာစိုး