ကျွန်းစုမြို့တွင် ကိုဗစ်ပိုးတွေ့လူနာများအတွက် အောက်ဆီဂျင်အိုးများ လှူဒါန်း

ကျွန်းစု ဩဂုတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ‌ရောဂါ သီးခြားစောင့်ကြည့် ကုသရေးဆောင်တွင်  ဆေးရုံတက် ပိုးတွေ့လူနာများအတွက် အလှူရှင်များက (၄၀)လီတာ အောက်ဆီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများအား လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဗစ် - ၁၉ ‌ရောဂါ သီးခြားစောင့်ကြည် ကုသရေးဆောင်တွင် ဆေးရုံတက် ပိုးတွေ့လူနာများအတွက် ဦးစန်းမောင်+ ဒေါ်အေးအေးမူ မိသားစု(ခိုင်ဇင်ယော် ကုမ္ပဏီ) မှ အောက်ဆီဂျင်အိုးအသစ်(၁၀)အိုးနှင့် Flow meter (၂)ခု တို့အား မြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်မှုကော်မတီမှ (၄၀)လီတာ အောက်ဆီဂျင် အိုးအသစ်(၅)အိုးအား ကျွန်းစုမြို့၊ စေတနာ သွေးနှင့်အောက်ဆီဂျင် ကူညီမှုအသင်းသို့လည်းကောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။

စည်သူရအောင်