ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုသိမ်      ဩဂုတ်   ၁၉    

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊  တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ မွန်းလွဲ()နာရီအချိန် က မအူပင်မြို့၊အမှတ်() အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး မအူပင်မြို့ပေါ် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင် ပြည်သူ့ဆေးရုံသို့ ရောက်ရှိကာ Oxygen Concentrator ()လုံး၊ PPE ဝတ်စုံ(၁၀၀)၊ ဆေးရုံသုံးပစ္စည်းများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်()သိန်း ထောက်ပံ့ ပေးအပ်ခဲ့ရာ ဆေးရုံအုပ်ဒေါက်တာကျော်စွာလွင် က လက်ခံရယူခဲ့သည်။  
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့၊တပင်ရွှေထီး အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုခဲ့ပြီး မအူပင်မြို့နယ်၊ တလုပ်လပ်အရှေ့ရွာမရှိ ဦးအားယူ၏ ဥစားကြက်မွေးမြူရေးခြံ၌ဥစားကြက်အကောင်ရေ(၁၅၀၀၀)မွေးမြူထားရှိမှု၊ တစ်ရက်လျှင် ကြက်ဥ (၁၂၀၀၀)ထွက်ရှိမှု ရောင်းဝယ်ဖြန့်ဖြူးနေမှုအခြေအနေများအား ကြည့်ရှုခဲ့ပြီးမွေးမြူရေး လုပ်ငန်းအတွက် ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့ သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ကျွန်းဦးကျေးရွာအုပ်စု ရှိ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီ ရှင်းလင်းဆောင်တွင် စီမံကိန်းမန်နေဂျာက ငါးမွေးမြူရေး လုပ်ငန်း၊ နို့စားနွားမွေးမြူရေးလုပ်ငန်း၊ နွားချေးမှ သဘာဝမြေသြဇာထုတ်လုပ်မှုလုပ်ငန်းများနှင့် ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ကုမ္ပဏီအတွင်းရှိ နို့ပေါင်းခန်း၊ ဒိန်ချဉ်အဆင့်ဆင့်ထုတ်လုပ်နေမှု၊ ငါးအအေးခန်းစက်ရုံ၊ စျေးကွက်သို့ ငါးတင်ပို့ဖြန့်ဖြူးနေမှု၊ နို့စားနွားမွေးမြူရေးခြံနှင့် ငါးမွေးမြူရေးကန်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။     ကိုတွတ်(ပြန်/ဆက်)