ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဖျာပုံခရိုင် နှင့် ကျိုက်လတ်မြို့နယ်ပြည်သူ့ဆေးရုံများသို့ ဆေးရုံသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

ပုသိမ်   ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ များသို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကာကွယ်၊ကုသရေးလုပ်ငန်းများအတွက် အထောက် အကူပြုဆေးဝါးများ၊ ဆေးပစ္စည်းများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ကူညီထောက်ပံ့ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ဖျာပုံခရိုင် ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဝန်ကြီးချုပ်မှ Oxygen Concentrator (၂)လုံး၊ PPEဝတ်စုံ(၁၀၀)၊ ဆေးရုံသုံးပစ္စည်းများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ (၅)သိန်းကျပ် တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေါက်တာဇင်မာစိုးက လက်ခံရယူခဲ့ပြီး ဆေးရုံတွင် Oxygen ထုတ်လုပ်နေမှု၊ Oxygen စက်ရုံသစ်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့ သံသရာခရီးသည် လူမှုကူညီရေးအသင်းတွင် စိတ်ထားဖြူစင် ပရဟိတအသင်း၊ ပဲ့တင်သံပရဟိတအသင်း၊ (၁၈) ရပ်ကွက် လူမှုကူညီရေးအသင်း ၊ ကျုံကူလူငယ်ပရဟိတအသင်းမှ တာဝန်ရှိသူများအား PPE ဝတ်စုံ(၁၂၀) ထောက်ပံ့ပေးအပ်ခဲ့ပြီး အောက်ဆီဂျင်ထုတ်လုပ်နေမှု အား  ကြည့်ရှုခဲ့သည်။      

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက်လတ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိကာ Oxygen Concentrator (၂)လုံး ၊ PPEဝတ်စုံ(၁၀၀)၊ ဆေးရုံသုံးပစ္စည်းများ နှင့် ဆေးရုံ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ် ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာ မင်းသိန်းက လက်ခံခဲ့ပြီး ဓမ္မိကာရုံရွှေကျင်တိုက်သစ်ရှိ Oxygen စက်ရုံဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုခဲ့သည်။

ထို့နောက် ကျိုက်လတ်မြို့နယ် ၊ လှည်းဆိပ်ကျေးရွာအုပ်စုရှိ“ မြသီးနှံ” မျိုးစပါး ထုတ်လုပ် ဖြန့်ချီရေးလုပ်ငန်းသို့ရောက်ရှိခဲ့ပြီး၊ မျိုးစေ့သန့်စင်ခြင်း၊ ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်း အခြေအနေများအား ကြည့်ရှု့ခဲ့ပြီး တောင်သူ ဦးအေးသန်း ၏ ပေါ်ဆန်းကြီးမျိုး စီးပွားဖြစ် မျိုးသန့်မျိုးပွားမျိုးစေ့(RS-CS)စိုက်ခင်း စိုက်ပျိုးဖြစ်ထွန်းနေမှုများအား တိုင်းစိုက်ပျိုးရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့် က ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများအား စနစ်တကျမှတ်တမ်းထားရှိရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ကိုတွတ်(ပြန်/ဆက်)