ထားဝယ် သြဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၇/၂၀၂၁)ကိုယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက ယခုလက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုးများကိုမြန်မြန် ပြီးပြတ်အောင်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရမည်ဖြစ်ပြီး နောက်ဖြစ်လာနိုင်သည့်ကိုဗစ်လှိုင်းများကိုကြိုတင်၍ အသင့်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ အောက်ဆီ ဂျင်ဖူလုံမှုရရှိအောင် ဝိုင်းဝန်းတိုင်ပင်ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ထားဝယ် ခရိုင်(၄)မြို့နယ်တွင် အောက်ဆီဂျင်အိုး(၄၀၀)ရရှိနိုင်သည့်အတွက် အဆင်ပြေနိုင်ကြောင်း၊ မြိတ်မြို့တွင် ၂၀၀ မဂ္ဂါဝပ် တစ်လုံး ရှိကြောင်း၊ အောက်ဆီဂျင်စက်တစ်လုံးမြိတ်မြို့သို့ရောက်ရှိမှာဖြစ်ပြီးတစ်ခါထုတ်လျှင်အိုး ၂၆၀၀ သွင်းနိုင် မှာဖြစ်ကြောင်း၊ ကော့သောင်းမြို့တွင်အစိုးရအဖွဲ့အစီအစဉ်ဖြင့် စက်တစ်လုံးကို ပထမအဆင့်အနေဖြင့် ထားရှိပေးမှာဖြစ်ကြောင်း၊ မြို့နယ် များအတွက် လိုအပ်သောအတိုင်းအတာအထိ ဒုတိယအဆင့် အနေဖြင့်စီစဉ်ထားရှိမှာဖြစ်ကြောင်း၊ စလင်ဒါနှင့်ဆေးဝါး ပစ္စည်းများကို တိုင်ပင်ဆွေးနွေးပြီးဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးအတွက် မိမိ ရပ်ရက်/ကျေးရွာအုပ်စုအတွင်း နှင့် နီးစပ်ရာတွင် စျေးဝယ်ရန်စျေးဝယ်ခွင့်သွားလာခွင့်ကတ်ပြားထုတ်ပြီး တစ်အိမ်လျင် တစ်ယောက်နှုန်း ဖြင့်စျေးဝယ်နိုင်အောင်စိစဉ်ဆောင်ရွက်ရမှာဖြစ်၍ သွားလာခွင့်ကန့်သတ်ရမှာဖြစ်ကြောင်း၊ အစိုးရအဖွဲ့ အနေဖြင့်ကန့်သတ်ချက်များထုတ်ပြီးတည်မြဲအောင်ကြပ်မတ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပထမအကြိမ်နှင့်ဒုတိယ အကြိမ်သတိပေးပြီး တတိယအကြိမ်တွင် အရေးယူရမှာဖြစ်ကြောင်း၊ ထုတ်ပြန် ထားသောအမိန့်များကိုလိုက်နာအောင် မည်ကဲ့ သို့ကြီးကြပ်ရမည်ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေး ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင် ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်သစ်လွင်ထူး က လိုအပ်သည် များဖြည့် စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် ကော်မတီဝင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေ အနေများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများ အခြေအနေများကို အကြံပြုဆွေးနွေးရာ တနင်္သာရီ တိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ယခုဆွေးနွေး ပွဲသည် ကိုဗစ်-၁၉ ရောဂါများကို ကာကွယ်ကုသနိုင်ရေးအတွက်ဖြစ်ပြီးနောက်အစီအစဉ်များတွင်ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရမှာဖြစ် ကြောင်း၊ လုပ်ငန်းများအောင်မြင်နိုင်ရမည် ဟုရည်ရွယ်၍ လုပ်ဆောင် စေလိုကြောင်း ၊ အောက်ဆီဂျင်နှင့်ဆေးဝါးပစ္စည်းများ လိုအပ်ချက်သည်အစိုးရအဖွဲ့၏ တာဝန်ပင်ဖြစ် ကြောင်း ၊ဒေသ၏လိုအပ်ချက်များကိုဝိုင်းဝန်းပြီးလုပ်ဆောင်ပေးရန်လို အပ်ကြောင်း၊ ဝိုင်းဝန်းပြီးကူညီ လုပ်ဆောင်ပေးသည်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း အမှာစကားပြောကြားခဲ့ကြောင်းသတင်း ရရှိသည်။
ကျော်ကျော်လတ်