ကဝ သြဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မီးသတ်ဦးစီးဌာန၌ လူမှုကယ်ဆယ်ရေးအတွက် မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးစွမ်းရည် ပြည့်ဝနေစေရန် ယနေ့နံနက်(၈:၀၀)နာရီမှ(၁၀:၀၀)နာရီအထိ မီးသတ် စခန်းဝင်းအတွင်း၌ လေ့ကျင့်မှုများပြုလုပ်ခဲကြောင်း သိရသည်။
ထိုသို့ လေ့ကျင့်မှုများပြုလုပ်ခြင်းသည် ပြည်သူလူထုအတွင်း သဘာဝဘေးအန္တရာယ်ပေါ်ပေါက်လာပါက အချိန်တစ်ပြေးညီ ကယ်ဆယ်ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ပြီး ရေနှင့်စက်သုံးဆီအသင့်၊ ယာဉ်အသင့်၊ စက်အသင့်၊ လူအသင့်ဟူသော သင့်လေးသင့်ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးစွမ်းရည်ပြည့်ဝနေစေရေးအတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူက ပြောကြား သည်။
အဆိုပါ လူမူကယ်ဆယ်ရေးအတွက် လေ့ကျင့်မှုအား ကဝမြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်( ၅ )ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်( ၃၀ )ဦး စုစုပေါင်း( ၃၅)ဦးတို့အား လေ့ကျင့်ရေး စွမ်းရည် ပြည့်ဝရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်