မအူပင် ဩဂုတ်လ ၁၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁နာရီခွဲ အချိန်က မအူပင်မြို့ အ.ထ .က (၁)ကျောင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို အားပေးကာ မအူပင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ပြီး မအူပင်မြို့အမှတ်(၆)ရပ်ကွက် ရှိအလှူရှင် ဦးဉာဏ်ထွန်း(ခ)ဦးဒလစ်၏ Oxygen ထုတ်လုပ်ရေးစက်ရုံနှင့် ကြက်မွေးမြူ ရေးခြံအားသွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မအူပင်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ၊PPEဝတ်စုံ(၁၀၀)စုံ၊ အောက်ဆီဂျင်၄၀လီတာအိုး(၂၀)လုံး၊Oxygen Concentrator
(၂)လုံး၊ အပါအဝင်ကိုဗစ်- ၁၉ကာကွယ်ရေး ဆေးဝါးပစ္စည်းများနှင့် အလှူငွေ(၅)သိန်းအား ပေးအပ်လှူဒါန်းရာ မအူပင်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာ ကျော်စွာလွင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး မအူပင်မြို့ အမှတ်(၆)ရပ်ကွက်ရှိ အလှူရှင် ဦးဉာဏ်ထွန်း(ခ)ဦးဒလစ်၏ တည်ဆောက်လျက်ရှိသည့် Oxygen စက်ရုံအား သွားရောက် ကြည့်ရှုကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်မအူပင်မြို့နယ် တလုပ်လပ်အရှေ့ရွာမသို့ သွားရောက်ကာ ဥစားကြက်မွေးမြူရေးခြံကို လှည့်လည်ကြည့်ရှုရာ မွေးမြူရေးခြံပိုင်ရှင် ဦးအားယူက ဥစားကြက်အကောင်ရေ(၁၅၀၀၀) မွေးမြူထားကြောင်း တစ်ရက်ပျမ်းမျှ ကြက်ဥထုတ်လုပ်မှု (၁၂၀၀၀)ခန့် ထွက်ရှိကြောင်းနှင့်စျေးကွက်သို့စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း တင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်း အတွက်မွေးမြူရေးခြံသုံး ဆေးဝါးများဖြစ်သည့်ခြံဖျန်းဆေး(၃)မျိုးနှင့် ကုသဆေးဝါး(၇) မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ရာဥစားကြက်မွေးမြူရေးခြံပိုင်ရှင် ဦးအားယူက လက်ခံရရှိခဲ့ ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်(မအူပင်)