ချောင်းဦး ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဦးဌာနမှ ကျေးလက်နေပြည်သူများလူမှုစီးပွါး ဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၉ ရက်၊ နံနက် ၉ နာရီက ချောင်းဦး မြို့နယ်၊ ရွာထင်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယနှစ်စက်ဝန်း ရန်ပုံငွေထုတ်ပေး ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)ကို ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ ကျေးရွာ (၆) ရွာတွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ၎င်းကျေးရွာများအနက်မှ ရွာထင်ကျေးရွာ မတည်ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်း ၆၃ ဦးအားငွေကျပ် ၁၈၁၉၀၀၀၀/-မွေးမြူရေး လုပ်ငန်း၁၉ ဦးအား ငွေကျပ် ၄၁၀၀၀၀၀/-ရောင်း၀ယ်ရေးလုပ်ငန်း၂၇ ဦးအားငွေကျပ် ၆၈၅၀၀၀၀/-၊ အသက်မွေး၀မ်းကျောင်း ၆ ဦးအား ငွေကျပ် ၁၉၀၀၀၀၀/-စုစုပေါင်း အသင်းသား ၁၁၅ ဦးအား ငွေကျပ် ၃၁၀၄၀၀၀၀/-ကို ယနေ့ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ဉီးစီးမှူး ဒေါ်ထက်ထက်ဝင်း က ပြောကြားခဲ့ပါသည်။
ချောင်းဦးမြို့နယ်၊ ရွာထင်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယနှစ်စက်ဝန်း ရန်ပုံငွေ ထုတ်ပေးရာတွင် ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ထက်ထက်ဝင်း နှင့်ဝန်ထမ်းများ၊ ရွာထင်ကျေးရွာမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ကော်မတီဝင် ၁၀ ဦး၊ တို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အိအိအောင်(ချောင်းဦး)