ပခုက္ကူ ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်အေးမြသီတာလှိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ဖွဲ့ဝင်များ စုပေါင်း၍ ပခုက္ကူမြို့ရှိ ယာဉ်အသွားအလာ အများဆုံးအသုံးပြုသည့် လမ်းဆုံ၊ လမ်းခွများနှင့် နေရာများတွင် ယာဉ်အန္တရာယ်ကင်းရှင်း ရေးအတွက် ညစဉ် ကင်းလှည့် ကြပ်မတ် စစ်ဆေးဆောင်ရွက် သည်။
ကိုဗစ်-၁၉ရောဂါ ကာလအတွင်း နေအိမ်ပြင်ပသို့ မော်တော်ဆိုင်ကယ်နှင့် ကားများဖြင့်သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာမှု ရှိ/မရှိ၊ တုတ်ဓားလက်နက်ပါမှု ရှိ/မရှိ၊ ဆိုင်ကယ်နှစ်ယောက်နှင့် အထက်စီးနင်းခြင်း၊ မော်တော်ဆိုင်ကယ်များအား အသံကျယ်အိတ်ဇော တပ်ဆင်သွားလာခြင်း၊ စည်းကမ်းမဲ့ မော်တော်ယာဉ် ရပ်နားခြင်းတို့ကို ညစဉ်ကင်းလှည့် စစ်ဆေးကြပြီး ယာဉ်စည်းကမ်းဆိုင်ရာ ဥပဒေများ လိုက်နာခြင်း မရှိသူများတွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကင်းလှည့်စစ်ဆေးမှုများကို ပခုက္ကူမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယာဉ် အသွားအလာများသည့် ပခုက္ကူဧရာဝတီ တံတားထိပ်၊ ရွှေချောင်းတံ တားထိပ်၊ မြို့မလမ်းနှင့် မြိုင်လမ်းစုံ နေရာများတွင် အဓိကစစ်ဆေးနေကြ ခြင်းဖြစ်ပြီး အဆိုပါ ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို အလှည့်ကျစနစ်ဖြင့် ညစဉ်ကင်းလှည့်ကြပ်မတ် စစ်ဆေးဆောင် ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ဆလိုင်းကိုကီး